ဗန်းမော်မြို့တွင် ကချင်ပြည်နယ်နေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲပြုလုပ်

ဗန်းမော်       ဇန်နဝါရီ    ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာမ ခင်ခင်ဦးတို့ ပူးပေါင်း၍ ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ဝ ရက်နေ့တွင် ကျရောက်သည့် ကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်နေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြသက်ဦးက အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို လည်းကောင်း၊ ကချင်ပြည်နယ်နေ့အကြောင်းကို မေးမြန်းဆွေးနွေးခဲ့ကာ စာရေးဆရာမ ခင်ခင်ဦးက ကချင်ပြည်နယ်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ကချင်ရိုးရာအစားအစာများနှင့် ကချင်ရိုးရာ အသုံးအဆောင်များအကြောင်းကို လည်းကောင်း၊ ကချင်ပြည်နယ်နေ့တွင် ကျင်းပခဲ့သည့် ရိုးရာဓလေ့များအကြောင်းကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိန်းဖြူ