သတင်းများ

ပန်း​တောင်းမြို့တွင် အိုမီခရွန်ဗီဇ​ပြောင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်
Jan 10,2022
ပဲခူးတိုင်း​ဒေသကြီး၊ ​ပြည်ခရိုင်၊ ပန်း​တောင်းမြို့နယ်တွင် ပြည်သူလူထုအနေဖြင့် အိုမီခရွန်ဗီဇ​ပြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံက်ပိုင်းက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် ​ကျေးရွာများ အရောက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကြေညာခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေး
Jan 10,2022
ပဲခူးတိုင်းသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကျပ်ချောင်း ကျေးရွာအုပ်စု၊ ကျပ်ချောင်း ကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊‌ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ  Omicron (အိုမီခရွန်) ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကြိုတင်ကာကွယ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
မိုင်းယန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Jan 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက် တွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းမျိုးကွဲ (Omicron) ရောဂါကြိုတင်ကာကွယ်နိုင်ရေး ရှမ်း၊မြန်မာ ဘာသာ နှစ်မျိုးဖြင့် အသိပေးနှိုးဆော်
Jan 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီ အချိန်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ရေးနှင့် ကိုဗစ် ၁၉ ဗီဇပြောင်းမျိုးကွဲ (Omicron) ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ၊ ရှမ်းဘာသာနှစ်မျိုးဖြင့် အသိပညာပေး လှည့်လည် နှိုးဆော်ခြင်းကို အုန်းကြော(ရွာသစ်)ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းယန်းမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ(၂၆၅)ဦး၊ အားလုံးနေအိမ်သို့ပြန်လည်စေလွတ်ပြီဖြစ်
Jan 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယနေ့နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း မြို့နယ် ကုသရေးဦးစီး ဌာနမှ သိရသည်။
မိုင်းယောင်းမြို့၌ တိုင်းရင်းသားဘာသာစကားဖြင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Jan 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ တိုင်းရင်းသားဘာသာ စကားဖြင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဗီရိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ပြည်သူများသတိပြုရမည့် အချက်များကို သိရှိလိုက်နာစေရန်အတွက် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်နှိုးဆော် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။