သတင်းများ

သင်္ဃန်းကျွန်းမြို့နယ် အ.ထ.က (သုဝဏ္ဏ)ကျောင်း၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်
Jan 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ် စေရန်၊ စဉ်းစားတွေးခေါ်မှုများ ရင့်သန်လာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စေရန်နှင့် စာဖတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ပြည်သူများထံသို့ စာအုပ်၊ စာစောင်များအား နယ်လှည့်ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ကမမောင်းမြို့တွင် အိုမီခရွန်အကြောင်း အသိပညာပေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသ
Jan 11,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့်  အလွယ်တကူဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားကြောင်း သိရသည်။
သံတွဲခရိုင်ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် ပြည်သူ့စာကြည့်တိုက် ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်
Jan 11,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Online မှတစ်ဆင့် အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၁နာရီက ပုံပြင်ပြောအစီအစဉ်ကို ဆောင်ရွက် ပေးခဲ့သည်။
တန့်ယန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်
Jan 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာစျေး၌ ဆောင်ရွက်ကြသည်။
ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Jan 11,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူ ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ပုလောမြို့နယ်ခန်းမတွင် ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်(၉)နာရီက ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
မင်္ဂလာဒုံ မြို့နယ်၌ ကိုဗစ်-၁၉မျိုးရိုး ဗီဇပြောင်းအိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်များအား Hand Speaker ဖြင့် အသိပေးနှိုးဆော်
Jan 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း"အိုမီခရွန်" ရောဂါပိုးကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ နှင့်သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၌ Hand Speakerဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့
Jan 11,2022
ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ အမှတ်(၁၉)ရပ်ကွက်ရှိ အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေး ပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက အမှတ်(၁၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများက ထောက်ပံ့ငွေများကို အဘိုး၊ အဘွားများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့သည်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jan 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ရဟန်းရှင်လူပြည်သူများအား လူမျိုးဘာသာမရွေး ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို မြို့နယ်အတွင်း စုရပ်သုံးနေရာများ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ ပထမအကြိမ် လာရောက် ထိုးနှံသူ ၇၈ ဦးရှိသည်။ အသက်(၁၈)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးရာ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၇၄၆ ဦး ရှိကြောင်းသိရသည်။