သတင်းများ

လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာဥပဒေများ အသိပညာပေး Talk Show ကျင်းပ
Jan 11,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နံနံနက် (၁၁) နာရီက မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေများ သိပညာပေး Talk Show ကျင်းပခဲ့သည်။
ကျိုက်ဒုံမြို့၌ ပိုးကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင် ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Jan 11,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီခွဲက ကျိုက်ဒုံမြို့ အမှတ် (၄) ရပ်ကွက်၌ ဒေသနေပြည်သူများအား ပိုးကရင်ဘာသာ၊ မြန်မာဘာသာ ဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (Omicron) ရောဂါပိုးများကို သတိပြု ကာကြိုတင်ကာကွယ်နိုင်စေရေး အတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ခေါဇာမြို့၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲကျင်းပ
Jan 11,2022
ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး နေ့ထူးနေ့မြတ်များ အကြောင်းကို သိရှိလာစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်၊ ထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ထွက် လာစေရန် ရည်ရွယ်၍ မော်လမြိင်ခရိုင်၊ ခေါဇာမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Center)ခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီက (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်သည်။
ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများအား မြို့ပေါ်ရပ်ကွက်များ၌ လှည့်လည်နှိုးဆော်
Jan 11,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်တွင်အသက်(၁၈)နှစ်အထက်နှင့်(၄၀)နှစ်အထိရှိသူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ဦးစားပေးဦးတည်အုပ်စုအလိုက် စနစ်တကျထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အသက်(၁၈)နှစ်အထက်နှင့်(၄၀)နှစ်အထိရှိသူများအား ကာကွယ် ဆေးထိုးစုရပ် ဖြစ်သည့်အမှတ်(၃) ရပ်ကွက် ၊မဟာဗန္ဓုလလမ်းနှင့် ၃၅လမ်းထိပ် (ယခင်ထွေ/အုပ်ရုံး ဟောင်းရှေ့)တွင် နံနက်(၀၉း၀၀)နာရီအချိန်မှ(၁၃း၃၀)နာရီထိ Sinopharm Second Dose ကို ထိုးနှံသူ(၉)ဦး၊ Sinovac(2Dose)Second Doseထိုးနှံသူ(၄၁၆)ဦး၊ Covishield First Doseထိုးနှံသူ(၂၃၁)ဦး စုစုပေါင်း(၆၅၆)ဦးကိုထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
Jan 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉း၀၀) နာရီအချိန်ကအမှတ်၁၂ ရပ်ကွက်၊ သိပ္ပံပစ္စည်းစက်ရုံ၀န်း လှိုင်ကုသရေးစင်တာ၌ အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအားကိုဗစ်-၁၉ ကာကွယ်ဆေး (Covishield)အမျိုးအစားကို ပထမအကြိမ် ထိုးနှံပေးပြီး (Sinopharm)အမျိုးအစားကို ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရသေ့တောင်မြို့၌ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေရေန် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Jan 11,2022
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချ တတ်စေရန်နှင့် ဉာဏ်ရည်ဉာဏ်ရည်သွေး ထက်မြက်စေရန် ရည်ရွယ်ပြီး ဆေးရောင်ခြယ် ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်၄၀နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေး
Jan 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေးအစီအစဉ်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်၄၀ နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/က ရပ်ကွက်၊ ကျိုက္ကဆံ ဘုရားဝန်းအတွင်းရှိ ဓမ္မဗိမ္မာန်တော်၌ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။