သတင်းများ

ကြာအင်းဆိပ်ကြီးမြို့၌ အများပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron) ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 11,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက၊ မိဘပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron) ရောဂါပိုးများကို သတိပြုအ‌လေးနက်ထား ကြိုတင်ကာကွယ် နိုင်စေရေး အတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထန်းတပင်၌ လယ်ယာမြေဧက (၁၅ဝ) အား စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေများ အဖြစ် ပြောင်းလဲအကောင်အထည်ဖော် ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်
Jan 11,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း အရည်အသွေးကောင်းမွန်သော စံပြကွက်များဖြစ်စေရေးအတွက် ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာ၊ ကွင်းအမှတ်(၁၇၆-ခ) ရှိ လယ်ယာမြေ ဧက(၁၅ဝ)ကို စက်မှုလယ်ယာစနစ်ကျလယ်ယာမြေများအဖြစ် ပြောင်းလဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုအခါတွင် စနစ်ကျ လယ်ယာ မြေဖော်ထုတ်မှုများအနေဖြင့် (၁ဝဝ)ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်သလို စိုက်ပျိုးတောင်သူများ လည်း စိုက်ပျိုးရေးလုပ်ငန်းများကို စတင်ကာ ဆောင်ရွက်နေပြီဖြစ်ကြောင်း ထန်းတပင် မြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးနိုင်ထံမှ သိရသည်။
ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jan 11,2022
ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ် သီရိဟေမာအရှေ့ရပ်ကွက်ရှိ အိမ်တော်ရာဘုရားဝင်းတွင် ပြုလုပ်ပေးခဲ့သည်။
ညောင်လေးပင်မြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ပထမအကြိမ်  ထိုးနှံပေးခြင်းများ ဆောင်ရွက်
Jan 11,2022
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်တွင် ဇန်နဝါရီလ ၁၁ ရက် နံနက် ၉ နာရီအချိန်မှစ၍ အသက် (၁၈)နှစ်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုးကောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာကြည့်တိုက်ဆိုင်ရာ ဆင့်ပွါးသင်တန်းပို့ချ  
Jan 11,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အနာဂတ်လူငယ်အသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် စာကြည့်တိုက်ဆိုင်ရာဆင့်ပွါး သင်တန်းကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဇန်နဝါရီ ၁၁ ရက်နံနက် (၁၀)နာရီတွင် ပို့ချသင်ကြားကြောင်း သိရသည်။
စုကလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး talk show ပြုလုပ်
Jan 11,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အများ ပြည်သူများအား အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှ ထုတ်လွင့်တင်ဆက်ပေးလျက်ရှိရာ လူကိုလူကရောင်းစားခြင်း၊ ကိုယ်ကျိုးသာကြည့်တဲ့ လူတစ်ချို့ ကြောင့် လူကုန်ကူးမှုများဖြစ်ပေါ်ခြင်းများအား အသိပညာပေးနိုင်ရေး ရည်ရွယ်ချက်များဖြင့် စုကလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၉ နာရီ အချိန်တွင် မြို့တာဝန်ခံ ဦးစောအယ်လင်းနှင့် စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင် တို့ကဆွေးနွေးပေးခဲ့ကြသည်။
ဒေးဒရဲမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ    ဆက်လက်ထိုးနှံ ပေးလျက်ရှိ
Jan 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အသက်(၁၈)နှစ် အထက်ပြည်သူများအားကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက  အမှတ် (၁)အခြေခံ ပညာ အထက်တန်းကျောင်း ကရဝိက် ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ထန်းတပင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခမ်းအနားမှူး သင်တန်းဖွင့်လှစ်
Jan 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခမ်းအနားမှူး သင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေး ရာအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။