သံတွဲ ဇန်နဝါရီ ၁၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Online မှတစ်ဆင့် အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၁နာရီက ပုံပြင်ပြောအစီအစဉ်ကို ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင်၊ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်အေးအေးဝင်းက လေမီစာပေနှင့်ယဉ်ကျေးမှု ကော်မတီမှ ရေးသားပြုစုသည့် စိတ်ထားကောင်းတဲ့ ဒိုးရေဆိုသည့် အသိပညာပေးပုံပြင်ကို ပြောပြဆောင်ရွက်ပေးခဲ့သည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်မှုကို သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ကြီးကြပ်၍ဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းရေးကာလအတွင်း ပြည်သူ့ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်သူ စာဖတ်ပရိတ်သတ်လူငယ်များအတွက် စာအုပ်မိတ် ဆက်ခြင်း ၊ ကလေးငယ်များအတွက် Online မှတစ်ဆင့်ပုံပြင်ပြောခြင်း၊ စက္ကူခေါက်ခြင်း ၊ ဆေးရောင် ခြယ်ခြင်း လုပ်ငန်းများကို သံတွဲခရိုင် ပြည်သူ့စာ ကြည့်တိုက် ကလေးစာဖတ်ခန်း၌ အလှည့်ကျ စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
ခရိုင်(ပြန်/ဆက်)