တန့်ယန်း ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာစျေး၌ ဆောင်ရွက်ကြသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ မိုင်းဟင်္သာထွန်းနှင့် တာဝန်ရှိသူများ၊ စျေးသူ/စျေးသား များနှင့် ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အရန် မီးသတ်တပ်ရင်းမှ တပ်ဖွဲ့ဝင် များက မီးသတ်ဆေးဗူး အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းနှင့် မီးငြှိမ်းသတ်စက် အသုံးပြု၍ မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)