ထန်းတပင် ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခမ်းအနားမှူး သင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေး ရာအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စီစီစိုးဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သဇင်က ရုံးဌာနများ၊ အခမ်းအနားများတွင် အစီအစဉ်တကျ ပြောဆိုနိုင်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ် ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စီစီစိုးဦးနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သဇင်တို့က စာတွေ့ လက်တွေ့သင်ကြားပို့ချပေးခဲ့သည်။
သင်တန်းသို့ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ စုစုပေါင်း သင်တန်းသူ(၂၅)ဦး တက်ရောက်ကာ သင်တန်းတွင် စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားကာ တစ်ဦးချင်း အကောင်းဆုံးပြောကြားနိုင်သူများအား ပထမ၊ ဒုတိယ၊ တတိယဆုများအား တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)