ညောင်လေးပင်မြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ပထမအကြိမ်  ထိုးနှံပေးခြင်းများ ဆောင်ရွက်

ညောင်လေးပင် ဇန်နဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်တွင် ဇန်နဝါရီလ ၁၁ ရက် နံနက် ၉ နာရီအချိန်မှစ၍ အသက် (၁၈)နှစ်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အသက်(၁၈) နှစ်နှင့်အထက် ကိုဗသ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော ပြည်သူများအား ညောင်လေးပင်မြို့ မြို့မ(၁)ရပ်ကွက်ရှိ မဟာတိလောကသယမ္ဘူဘုရားကြီး ဝန်းအတွင်း၌ ပထမအကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ် ကြောင်း သိရသည်။

အဆိုကာကွယ်ဆေး ထိုးနှံပေးခြင်းအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့် ကျန်းမာရေးဝန်ထမ်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်