ဒေးဒရဲ ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အသက်(၁၈)နှစ် အထက်ပြည်သူများအားကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၁)အခြေခံ ပညာ အထက်တန်းကျောင်း ကရဝိက် ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး မြိုနယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ နှင့် လူမှုရေး အသင်းအဖွဲ့များက ကိုဗစ် - ၁၉ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ဒေးဒရဲမြို့နယ်တွင် အသက်(၁၈)နှစ် အထက် ကာကွယ်ဆေးထိုးနှံပြီးသူ(၃၀၂၃၅)ဦးနှင့် အသက်(၁၂)နှစ်အထက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူ (၆၃၆၆)ဦး၊ စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူ (၉၁၆၂၅)ဦး ထိုးနှံပေးပြီး ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။
အေဇာလင်း