မိုးကောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာကြည့်တိုက်ဆိုင်ရာ ဆင့်ပွါးသင်တန်းပို့ချ  

မိုးကောင်း ဇန်နဝါရီ ၁၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အနာဂတ်လူငယ်အသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် စာကြည့်တိုက်ဆိုင်ရာဆင့်ပွါး သင်တန်းကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဇန်နဝါရီ ၁၁ ရက်နံနက် (၁၀)နာရီတွင် ပို့ချသင်ကြားကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ(တာဝန်ခံ)ဒေါ်နီနီလွင်က စာကြည့်တိုက် ဆိုင်ရာကဏ္ဍများကိုလည်းကောင်း၊ အနာဂတ်လူငယ်အသင်း ဥက္ကဌ ဦးအောင်ကျော်ကျော်က အသင်း၏ စာကြည့်တိုက်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများကိုလည်းကောင်း အသီးသီး ပြောကြားခဲ့ကြသည်။

သင်တန်းကို အနာဂတ်လူငယ်အသင်းသား/သူများတက်ရောက်ပြီး ဦးစီးအရာရှိ(တာဝန်ခံ) နှင့် စာကြည့်တိုက်လက်ထောက်-၃တို့က စာကြည့်တိုက်ထားသိုနည်းစနစ်ဆိုင်ရာများ၊ မျိုးတူစု ခွဲခြင်းဆိုင်ရာများ၊ စာငှားစာဖတ်စနစ်တကျ ဆောင်ရွက်ခြင်းဆိုင်ရာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး