စုကလိ ဇန်နဝါရီ ၁၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အများ ပြည်သူများအား အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှ ထုတ်လွင့်တင်ဆက်ပေးလျက်ရှိရာ လူကိုလူကရောင်းစားခြင်း၊ ကိုယ်ကျိုးသာကြည့်တဲ့ လူတစ်ချို့ ကြောင့် လူကုန်ကူးမှုများဖြစ်ပေါ်ခြင်းများအား အသိပညာပေးနိုင်ရေး ရည်ရွယ်ချက်များဖြင့် စုကလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၉ နာရီ အချိန်တွင် မြို့တာဝန်ခံ ဦးစောအယ်လင်းနှင့် စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင် တို့ကဆွေးနွေးပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး(TalkShow) ပြုလုပ်ရာတွင် လူကုန်ကူးမှုဖြစ် ပေါ်စေသည့်အကြောင်းအရာများ၊ အခြေခံအချက်များ၊ ယနေ့ကမ္ဘာကြီးတွင် အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက်မှုတို့အပြင် လူကုန်ကူးမှုသည်လည်း လူ့အခွင့်အရေး ချိုးဖောက်နေသည့် ပြစ်မှုကြီးတစ်ခုဖြစ်ကြောင်း၊ ဘယ်လိုအချက်အလက်များက လူကုန်ကူးမှုဖြစ်ပေါ်စေနိုင်သလည်း၊ လူမှောင်ခို၊ လူပွဲစားတို့၏ မိမိကိုယ်ကျိုးစီးပွားကိုသာကြည့်ပြီး လုပ်ကိုင်ဆောင်ရွက်ခြင်းများကြောင့် လူကုန်ကူးမှု စတင်ဖြစ်ပေါ်လာပြီး၊ ကြီးလေးသောပြစ်မှုကြီးတစ်ရပ်ဖြစ်၍ လူကုန်ကူးသူများကို ထိရောက်သောပြစ်ဒဏ်များ ချမှတ်နိုင်ရေးနှင့် အမျိုးသားရေးတာ၀န် တစ်ရပ်အဖြစ် မူဝါဒများချမှတ်ဆက်လက်ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုတစ်ရပ်လုံးက သတိတရားလက်ကိုင်ထား၍ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ကြရန် အချက်အလက်များအား အပြန်အလှန် ဆွေးနွေးပေးခဲ့ပြီး We love Sjukali Page တွင် အချိန်နှင့်တပြေးညီ ထုတ်လွင့်ပြသပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပိုပိုအောင်