ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဘာသာရပ်အလိုက် ဆေးကုသမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းယန်း ဇူလိုင် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်ရှိ ပြည်သူများအား ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဘာသာရပ်အလိုက် ဆေးကုသမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်မှစ၍ မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုလုပ်ငန်းများအား ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ ပထမရက်(၁၀၀)ကာလအတွင်း ပြည်သူ့အတွက်ဦးစာပေး ကျန်းမာရေးစောင့်ရှောက်ကုသပေးခြင်းဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကုသရေးဦးစီးဌာန ကျိုင်းတုံပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာတိုးမောင် ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထင်ကျော်နှင့် ကျန်းမာရေးဆရာမများ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များတို့မှ မြို့နယ်အတွင်းရှိ  အထွေထွေလူနာ၊ ကလေးလူနာ၊ စိတ်ကျန်းမာရေး၊ အရိုး၊ ခွဲစိတ်လူနာများ၊ မျက်စိ၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းရောဂါဝေဒနာရှင်များ၊ သားဖွားမီးယပ်၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးလူနာများ၊ သွားနှင့်ခံတွင်း၊ အာထရာဆောင်း၊ ဓာတ်ခွဲလူနားများအား  ကျန်းမာရေးစစ်ဆေးရှောင့်စောင့်ပေးနေမှုအခြေအနေများကို မိုင်းယန်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့်တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး