ဆိပ်ဖြူ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီများကို သတ်မှတ်စည်ကမ်းများနှင့် ရောင်းချခြင်းရှိမရှိနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်များ ဆောင်ရွက်ထားရှိမှု ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလေးမောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် သတ်မှတ် ပမာဏ၊ သတ်မှတ်ဈေးနှုန်းတို့ဖြင့်ရောင်းချခြင်း ရှိ/မရှိ တို့ကိုလည်းကောင်း၊ စက်သုံဆီရောင်းချရာတွင် ကြန့်ကြာမှု မရှိစေရေး၊ စက်သုံးဆီသိုလှောင်ထားရှိမှု အခြေအနေနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကြိုတင်စီမံဆောင်ရွက်ထားရမည့် အရေးပေါ် မီးငြိမ်းသတ်ရေးပစ္စည်းများ ပြည့်စုံစွာထားရှိမှု ရှိ/မရှိ တို့ကို ကွင်းဆင်စစ်ဆေးဆောင်ရွက်ခဲ့ပြီး စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် သတ်မှတ်စည်းကမ်းများ၊ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများ အလေးထားလိုက်နာ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုဇွဲ (အညာမြေ)