ပိုင်ကျုံမြို့ ဒေါ်လန်းကျေးရွာအုပ်စုအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ ဘိုးဘွားများအား လက်ဝယ်အရောက်ထောက်ပံ့ငွေများ ပေးအပ်

ပိုင်ကျုံ   ဇန်နဝါရီ  ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊​ ဒေါ်လန်းကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွား များအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ)အတွက် လူမှုရေး ပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်းသိရှိရ သည်။

အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင် ဒေါ်လန်းကျေးရွာအုပ်စုမှ သက်ကြီးဘိုးဘွား(၁၆)ဦးအား တစ်ဦးလျှင် (၃၀၀၀ဝိ/-) နှုန်းဖြင့် စုစုပေါင်းကျပ်ငွေ (၄၈၀၀၀ဝိ/-)တိတိကို သက်ဆိုင်ရာ ကျေးရွာမှတာဝန်ရှိသူများက လူမှုရေးပင်စင်ခံစားခွင့်ရှိသူ အဘိုးအဘွားများထံ လက်ဝယ် အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပိုင်ကျုံမြို့ပေါ် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုတို့တွင် လူမှုရေးပင်စင်ခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် အဘိုး(၁၂၆)ဦး၊ အဘွား (၂၁၅)ဦး၊ စုစုပေါင်း (၃၄၁)ဦးရှိပြီး လက်ဝယ် အရောက် ရရှိရေးအတွက် ကျေးရွာရှိတာဝန်ရှိသူများက လိုက်လံပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)