ရန်ကုန် ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များကို ယနေ့ နံနက် (၁၀)နာရီက အမှတ်(၄၀)ရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်ဇော်နှင့် ဝန်ထမ်းများက ပန်းခင်း စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေးရာ အမှတ်(၄၀) ရပ်ကွက်၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၌ အသက်(၁၀) နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသော ကျောင်းသား/ ကျောင်းသူ(၃၃)ဦးတို့အား နိုင်ငံသား စိစစ်ရေးကတ်များ ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍ မေလ ၃ ရက်နေ့မှ စတင်ကာ ၁၈ ကြာ ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ မိမိတို့ မွေးဖွားရာဇာတိတွင် အမြဲနေထိုင် ကာ အိမ်ထောင်စုလူဦး ရေစာရင်းရှိပြီးကိုင်ဆောင် လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့် ရွှေ့ပြောင်းနေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့် အညီ ကိုင်ဆောင်လတ်မှတ် ရရှိရေးဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)