ရှမ်းရွာသစ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်

ရှမ်းရွာသစ်    ဇန်နဝါရီ   ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ ကလေးအလုပ်သမားပ ပျောက်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သများနှင့်ပက်သက်သည့် နံရံကပ်စာစောင် ပြသဆောင်ရွက်ထားခြင်းကို ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် ကလေးအလုပ်သမားဟူသည်အဘယ်နည်း၊ ကလေးအလုပ်သမားနှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒါဏ်များ၊ ကလေးအလုပ်သမားလျော့နည်းစေရန် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ကလေးများလုပ်သောအလုပ်နှင့် ကလေးသူငယ်အခွင့်အရေးများ၊ လုပ်ငန်းရှင်များအတွက် ကလေးသူငယ်အချက်အလက်များဆိုင်ရာ သိမှတ်ဖွယ်ရာများ စသည့် ကလေးအလုပ်သများပပျောက်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ဒေသနေပြည်သူများ သိရှိလေ့လာနိုင်ရန်အတွက် အသစ်လဲလှယ်ပြသဆောင်ရွက်ထားကြောင်း သိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)