သတင်းများ

နတ်တလင်းမြို့နယ်တွင်စာရေး ဆရာအသင်းပြန်လည်ဖွဲ့စည်း ခြင်းအခမ်းအနားဆောင်ရွက်
Dec 18,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအ‌‌ခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်စာရေးဆရာအသင်း ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် (Book Club) စာအုပ်စာပေ ချစ်သူများအသင်း ဆွေးနွေးပွဲပြုလုပ်
Dec 18,2021
ထားဝယ်ခရိုင်၊  ကလိန်အောင်မြို့ စာအုပ်စာပေ ချစ်သူမျာအသင်း (Book Club) ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှိ လူထုအခြေပြုဗဟိုဌာန Community  Centre ခန်းမ ၌ ပြုလုပ်ခဲ့သည်။
ပျော်ဘွယ်မြို့နယ်တွင် ပန်းခင်းစီမံချက်အကြောင်းသိရှိစေရေး LED ပြဘုတ်တင်ယာဉ်ဖြင့် အသိပေးနှိုးဆော်လျက်ရှိပြီး လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 18,2021
ပျော်ဘွယ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပြည်သူများ ကိုင်ဆောင် သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်နေမှု အခြေအနေများအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး LED ပြဘုတ်တင်ယာဉ်ဖြင့် အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဒီဇင်ဘာလ (၁၈)ရက်၊ နံနက်(၈)နာရီခွဲကစတင်၍ မြို့ပေါ် ရပ်ကွက်အတွင်းရှိ လူစည်ကားသည့်နေရာများနှင့် ရန်အောင်ကျေးရွာတို့တွင် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် “အိုမီခရွန်” ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်
Dec 18,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် “အိုမီခရွန်” ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေးထိုးနှံ‌ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၇ နာရီက အင်ကုန်းကျေးရွာတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ်၌သံပုရာကန်-မင်းလှ-မင်းဘူးလမ်းအား‌ မြေသားဘောင်ချဲ့၍မြေနီခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေး
Dec 18,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ၆လတွင် မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် သံပုရာကန်-မင်းလှ-မင်းဘူး လမ်းအား မြေသားဘောင်ချဲ့၍ မြေနီခင်းခြင်းလုပ်ငန်းကို မင်းလှမြို့နယ် ကျေးလက်လမ်း ဦးစီး ဌာနမှ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များမှ    ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး ရပ်ရွာအေးချမ်းသာယာရေးအတွက် ဌာနဆိုင်များ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်
Dec 18,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းကမင်းလှမြို့နယ် အတွင်းရှိ ပင်္ဂကျေးရွာ၊ ဘွဲ့ကျေးရွာနှင့် လင်းကယ်ကျေးရွာများတွင် ကျေးရွာနေ‌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍အသိပေး ရှင်းလင်းဆွေးနွေးခဲ့‌ ကြကြောင်းသိရသည်။
မြိတ်မြို့တွင် ကျောင်းသား/သူများအား ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရေးအတွက် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောသရုပ်ပြ
Dec 18,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/သူ လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ်အားကစား သမားကောင်းများ ပေါ်ထွန်းလာစေရေး အတွက် ယမန်နေ့ နေ့လယ်ပိုင်းက အ.လ.က (၅) ကန်ဖျားကျောင်းတွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသား/သူများအားအား ကစားဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပြီး အားကစားနည်းများ သရုပ်ပြသခဲ့သည်။
မြန်အောင်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း လည်ပတ်ရန်ပုံငွေများထုတ်ချေး
Dec 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်​မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြန်အောင်မြို့နယ် ကွမ်းတောကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလည် ပတ်ရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေးပေးခြင်းနှင့် စမ်းရွာကြီးကျေးရွာအုပ်စု သပြေကုန်း+ ဥယျာဥ်ကွင်းကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေးပေးခြင်းတို့ကို ယမန်နေ့ နံနက်က အဆိုပါကျေးရွာများအရောက် ကွင်းဆင်းထုတ်ချေးပေးခဲ့‌ကြောင်း သိရသည်။