သတင်းများ

ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် G-mail  လက်တွေ့အသုံးပြုနည်းသင်တန်းဖွင့်လှစ်
Dec 18,2021
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် G-mail  လက်တွေ့ အသုံးပြုနည်း သင်တန်းကို ယနေ့ နံနက် ၉ နာရီက ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ကျင်းပသည်။
အခြေခံဝါးလက်မှု သင်တန်းဆင်းပွဲကျင်းပ
Dec 18,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက် အကူပြု အခြေခံဝါးလက်မှု သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ မွန်းတည့်ခွင်(မြောက်)ကျေးရွာရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကျင်းပ
Dec 18,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကို ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲက အဆိုပါ ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။
တံတားဦးမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်အား မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ပေးလျက်ရှိ
Dec 18,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြာ်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းနေ အရွယ်ကလေးများနှင့် ပြည်သူများ  အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍  အသိပညာပေး အကြောင်းအရာများကို နံရံကပ်စာစောင်ပြုလုပ်ပြီး  လစဉ်လုပ်ပုံမှန်ပြသ ဆောင်ရွက်လျက်ရှိရာ   ယနေ့နံနက် (၉)နာရီက မြို့နယ်ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်  ဦးတည်ချက်(၉)ရပ်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်း ဓာတ်ပုံများ ပါဝင်သောအသိပညာပေး နံရံကပ် စာစောင်များကို  ပြသဆောင်ရွက်ပေးကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး
Dec 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ရှိ မြိုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနရုံးမှ မိုင်းငေါ့မြို့အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေ စာရင်း ပြုလုပ်လိုသူမျာကို ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ နံနက် (၈) နာရီ အချိန်က မန်လုံရပ်ကွက်နှင့် မန်ပင့်ကျေးရွာတွင် နေထိုင်သူများအား မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုလဝကမှူး ဦးခမ်းရီနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိနိုင်ရေးအတွက် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။
တောင်တွင်းကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်
Dec 18,2021
ပန်းခင်းစီမံချက်ဖြင့်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်(၁၀)နာရီက အောင်းစုကျေးရွာအုပ်စု၊ ပိန္နဲပင် ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။
သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှ တစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Dec 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် သုတ၊ ရသ စာအုပ်စာ‌စောင် မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်/ ပန်းအလှခေါက်ခြင်း အစီအစဉ်များကို ရိုက်ကူး၍ သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင်စာရေး ဆရာအသင်းပြန်လည်ဖွဲ့စည်း ခြင်းအခမ်းအနားဆောင်ရွက်
Dec 18,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအ‌‌ခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်စာရေးဆရာအသင်း ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။