ထား၀ယ် ဒီဇင်ဘာ ၁၈
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် G-mail လက်တွေ့ အသုံးပြုနည်း သင်တန်းကို ယနေ့ နံနက် ၉ နာရီက ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ကျင်းပသည်။
ဝန်ထမ်းများအနေဖြင့် Mail ပေးပို့ရာတွင်လွယ်ကူအဆင်ပြေစေရန်၊ G-mail function များကို သိရှိနားလည်စေရန်၊ function key များ အသုံးပြုတတ်စေရန် စသည့် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ခြင်းဖြစ်သည်။
သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူ က mail များတွင် E-mail နှင့် G-mail နှစ်မျိုးရှိကြောင်း၊ E-mail သည် Electronic Mail ကို ခေါ်ဆိုခြင်းဖြစ်ပြီး တစ်စုံတစ်ဦးထံတွင် အီလက်ထရောနစ်လိပ်စာ ရှိပါက ထိုသူထံသို့ ကွန်ပျူတာ ကွန်ရက်တစ်ခုအတွင်း အင်တာနက်ပေါ်ရှိ အင်တာနက် Network ကိုဖြတ်၍ ဒီဂျစ်တယ်နည်းပညာဖြင့် စာပို့ခြင်းကို ဆိုလိုကြောင်း၊ အင်တာနက်တွင် အသုံးပြုသော mail အားလုံးကို E-mailဟုခေါ် ဆိုကြောင်း၊ E-mail ဆိုသည်မှာ yourname@domain.com ဟူ၍ အပြည့်အစုံဖြစ် ပြီး G-mail သည် google က ဝန်ဆောင်မှုပေးထားသော E-mail ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် google webmail ဟုခေါ် ဆို နိုင်ကြောင်း၊ G-mail သည် google account တစ်ခုဖြစ်ကြောင်း၊ မည်သည့်ဝန်ဆောင်မှုများမဆို G-mail သို့မဟုတ် google အကောင့်ဖြင့်ပြုလုပ်ပြီး ဝင်ရောက် နိုင်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကိုယ်ပိုင် G-mail အကောင့်တစ်ခုရှိရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူး/ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက သင်တန်းသား ဝန်ထမ်းများအား Mail setting ရှိ General ၊ Labels ၊ Inbox ၊ Accounts and Import ၊ Filters and Blocked Addresses ၊ Forwarding and POP/MAP Menu တွင် ပါရှိသည့် function များ အသုံးပြုနိုင်မှု၊ mail တွင် အသုံးပြုနိုင်သည့် သင်္ကေတများနှင့် အခေါ်အဝေါ်တို့ကို လက်တွေ့ သင်ကြားပေးသည်။
ထို့နောက် Schedule ဖြင့် Mail ပို့ခြင်း၊ ပို့ထားသည့် Mail Cancel လုပ်ခြင်း၊ Mail Conservation ချိန်းခြင်း၊ All Stars အသုံးပြုခြင်း၊ Signature ထည့်ခြင်း၊ Label ထည့်ခြင်း/ဖြုတ်ခြင်း၊ Colour ထည့်ခြင်း/ဖြုတ်ခြင်း၊ Move to Lable ပြုလုပ်ခြင်း၊ background ချိန်းခြင်း၊ extension ထည့်သွင်းအသုံးပြုခြင်း စသည့်ပညာရပ်များကို သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။
ကေကေအယ်လ်(ထားဝယ်)