တံတားဦးမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်အား မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ပေးလျက်ရှိ

တံတားဦး     ဒီဇင်ဘာ     ၁၈

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြာ်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းနေ အရွယ်ကလေးများနှင့် ပြည်သူများ  အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍  အသိပညာပေး အကြောင်းအရာများကို နံရံကပ်စာစောင်ပြုလုပ်ပြီး  လစဉ်လုပ်ပုံမှန်ပြသ ဆောင်ရွက်လျက်ရှိရာ   ယနေ့နံနက် (၉)နာရီက မြို့နယ်ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်  ဦးတည်ချက်(၉)ရပ်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်း ဓာတ်ပုံများ ပါဝင်သောအသိပညာပေး နံရံကပ် စာစောင်များကို  ပြသဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါ ပြသထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် ပါဝင်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ  စစ်ဆေးခြင်းလုပ်ငန်းများ ၊ လတ်တလောဖြစ်ပွားနေဆဲ ဖြစ်သည့် COVID-19 ကပ်ရောဂါကာကွယ်ရေး လုပ်ငန်းများ ၊ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး  လုပ်ငန်းများအား ဖြစ်နိုင်သမျှ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ၊ တစ်နိုင်လုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်ထိခိုက်မှု ရပ်စဲရေးသဘော တူစာချုပ်(NCA) ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်ရေးနှင့် ၊ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်‌ရေး ဆိုင်ရာလှုပ်ရှားမှု အသိပညာပေး ဓာတ်ပုံများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ် ဖြစ်သော နိုင်ငံရေး ဦးတည်ချက် (၃) ရပ် ၊ စီးပွားရေးဦးတည်ချက် (၃)ရပ် ၊ လူမှုရေးဦးတည်ချက် (၃) ရပ်အစရှိသော လှုပ်ရှားမှုမှတ်တမ်း ဓာတ်ပုံများကို  အသိပညာပေးနံရံကပ်စာစောင်များအား ပြည်သူများနှင့် ကျောင်းသား ၊ကျောင်းသူများ က လေ့လာကြည့်ရှုကြကြောင်းသိရသည်။

ရဲတင့်(တံတားဦး)