တပ်ကုန်း ဒီဇင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကို ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲက အဆိုပါ ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။
ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်က ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ပေါင်း(၁၅)ဦး၊ အလယ်တန်းအဆင့် ပုံပြောပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ ပေါင်း(၁၅)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုးနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးနိုင်လင်း၊ မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်နန့်တင်စန်း၊ ဗိုလ်မင်းရောင် အထက်တန်း ကျောင်း(ခွဲ) ကျောင်းအုပ် ဆရာမကြီး ဒေါ်နန်နွမ်းခမ်း၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဥက္ကဌ ဦးထွန်းကြည် (မောင်ကြည်မူ - ပျဉ်းမနား)နှင့် အဖွဲ့ဝင်ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင် - တပ်ကုန်း) တို့က ဆုတံဆိပ်၊ ဆုချီးမြှင့်ငွေနှင့် ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများ ကိုလည်း လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
တင်စိုးလွင် (ပြန်/ဆက်ရုံး)