လွိုင်လင် ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ၏စီစဉ်မှုဖြင့် အသက်(၅၀)နှစ်နှင့်အထက် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး(Boosters Dose)ထိုးနှံ ပေးခြင်းကို ဇန်နဝါရီလ ၂၃ ရက် နံနက်(၁၀)နာရီက အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကာကွယ်ဆေးထိုးနှံပေးသည်။
ထပ်ဆောင်းကာကွယ်ဆေး(Boosters Dose)ထိုးနှံ ပေးနေမှုကို လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင် နှင့်အဖွဲ့ဝင်များ ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် အဖွဲ့ဝင်များက ကြည်ရှု့အားပေးကြသည်။ အဆိုပါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇန်နဝါရီလ ၂၅ ရက်နေ့အထိ နေ့စဉ် နံနက်(၁၀)နာရီမှ ညနေ(၃)နာရီက ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး