ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဦးနှင့် အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာ စိုက်ပျိုးရေရရှိရေး မြစ်ရေတင်စီမံကိန်းစတင် ဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ မြစ်ရေတင်စီမံကိန်းအတွက် ရေပိုက်လမ်း သွယ်တန်းမည့် နေရာအားလည်းကောင်း၊ ရေသိုလှောင်မည့် နေရာအားလည်းကောင်း လိုက်လံပြသခဲ့ပြီး မြစ်ရေတင် စီမံကိန်းအတွက် လိုအပ်သည့် လုပ်ငန်းစဉ်များနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ထပ်မံဆောင်ရွက်လိုသည့် မြစ်ရေတင် စီမံကိန်း များနှင့်ပတ်သက်၍တင်ပြခဲ့ရာ စီမံကိန်းအောင် မြင်နိုင်မှု ရှိ/မရှိ မြေပြင်ကွင်းဆင်း၍ စစ်ဆေးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းဆည်မြောင်းနှင့် ရေအသုံချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဦးမှ ပြောကြားခဲ့ သည်။
အဆိုပါ မြစ်ရေတင်စီမံကိန်းဆောင်ရွက်ပြီးစီးပါကညံတောအင်းကျေးရွာရှိ စိုက်ဧက(၂၀၀) ကျော်အတွက် စိုက်ပျိုးရေအလုံ အလောက်ရရှိမည်ဖြစ်ပြီး ရွာသူ၊ ရွာသားအားလုံးအတွက် အကျိုးကျေးဇူးရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)