လဲချား ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းရှိ ဈေးများမီးဘေးအန္တရာယ် ကင်းဝေးရေးအတွက် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က စည်ပင်သာယာမြို့မဈေးတွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။
ရှေ့ဦးစွာ နယ်မြေမီးသတ်စခန်း တာဝန်ခံမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်စဉ်များကို စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ဈေးသူ၊ ဈေးသားများနှင့် ပြည်သူများသိရှိစေရန် အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး အရေးပေါ် မီးလောင်ကျွမ်းမှု ဖြစ်သည့်အခါ မီးငြှိမ်းသတ်ရေး ကိရိယာများနှင့် မီးသတ်ဆေးဘူးများကို လက်တွေ့အသုံးပြု၍ စနစ်တကျ မီးငြှိမ်းသတ်ခြင်းများကို ဈေးသူ၊ ဈေးသားများနှင့်အတူ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့သည်။
အဆိုပါ လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ကော်မတီဝင်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
လွှမ်းသူနောင် (လဲချား)