လဲချား ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက ယနေ့ (၁၁)နာရီအချိန်က ဝမ်စဲ့ကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူးမှ နိုင်ငံသားကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးရခြင်းကို ရှင်းလင်းပြောကြားပေးခဲ့ပြီး ဒု-လဝကမှူး ဦးစိုင်းစိန်ထွန်းနှင့် အဖွဲ့ဝင်(၃)ဦးတို့မှ ဝမ်စဲ့ကျေးရွာအုပ်စုအတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရသေးသူ ကျား(၁၃)ဦး၊ မ(၁၉)ဦး စုစုပေါင်း (၃၂)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရန် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)