လိပ်သို ဇန်နဝါရီ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနက စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွာလာစေရန် အတွေးအခေါ်အသိအမြင်များ အချင်းချင်းဖလှယ်တတ်စေရန်၊ စာပေမှရရှိသော အသိအမြင်ဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ “ ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ ” စာအုပ်ဖြင့် ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝို်ငးကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး နော်နီလာအေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းဖြင့် စာဖတ်သည့်အလေ့အထရရှိစေခြင်း၊ အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာစေခြင်း၊ စာပေမှရရှိသော ဗဟသုတများကို လူမှုပတ်ဝန်း ကျင်တွင် အသုံးချတတ်လာခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် မိမိကိုယ်ကိုယုံကြည်မှုရှိပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခြင်းစသည့် စာဖတ်ဝို်ငးပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများက စာရေးဆရာအောင်သင်း ရေးသားသော “ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ” စာအုပ်တွင်ပါရှိသော အကြောင်းအရာ များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့ (ပြန်/ဆက်)