ပိုင်ကျုံ ဒီဇင်ဘာ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသက် အရွယ်မရွေး စာအုပ်၊ စာစောင်များအား ဖတ်ရှုလေ့လာခြင်းဖြင့် ဗဟုသုတအတွေးအမြင်များ ရရှိပြီး ကိုယ်တိုင်စဉ်းစား ဆုံးဖြတ်တတ်သော အတွေးအခေါ် အမျှော်အမြင်များရရှိလာစေရေးနှင့် စာအုပ် စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကို ယမန်နေ့ညနေပိုင်း ၂ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နှိုးသူများ အသင်း Youth Club အဖွဲ့ဝင်များမှ စာရေးဆရာ ထန်းတပင်စန်းလွင် ရေးသားသည့် မီးလျှံများကို ဖြတ် ကျော်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ပါသည်။
စာဖတ်ဝိုင်းတွင် မြို့ဦးစီးမှူးဒေါ်နော်ခူးခူးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်ပါအကြောင်းအရာများအား စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း Youth Club အဖွဲ့ဝင်များတို့က မိမိ၏ထင်မြင်ယူဆချက်များနှင့်တွေးခေါ်မှုများအား တစ်ဦးနှင့်တစ်ဦးအပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)