အုတ်တွင်း ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့က ဦးဆောင်၍ ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှု့သည့် အလေ့အကျင့်များ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ မိဘဆရာများအပေါ် ရိုသေကိုင်းရှိုင်းတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ ကျော်ဇောနိုင် ရေးသားသည့် ''ဆရာဟူ''သည် စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကို စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)ဥက္ကဋ္ဌ စာရေး ဆရာဦးခင်မောင်ချိုနှင့် အဖွဲ့ဝင်များမှ စာအုပ်ပါ အကြောင်းအရာဖြစ်သည့် ကမ္ဘာ့ ဆရာမြတ်ဆရာ၊ ဆရာဟူသည်၊ သင်ကြားခြင်းသည် ဘဝတစ်သက်တာခရီးစသည့် အကြောင်းအရာများကို တက်ရောက်လာသော စာပေဝါသနာရှင်များနှင့် အချင်းချင်း အမြင်ခြင်း ဖလှယ်ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)