ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို လှုပ်ရှားမှုအဖြစ် ဟောပြောပွဲနှင့် စွမ်းရည်ပြိုင်ပွဲများပြုလုပ်

ကျိုက်ထို ဒီဇင်ဘာ ၁၉

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုအဖြစ် အသိပညာပေး ဟောပြောပွဲနှင့် စွမ်းရည်ပြိုင်ပွဲများကို ကျိုက်ထိုမြိုနယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာ‌ရေးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ကျိုက်ထိုမြို့နယ်ရုံး ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် က လွတ်လပ်ရေးနေ့အ‌ကြောင်း အသိပညာပေးမှုများနှင့် ပြိုင်ပွဲများ ကျင်းပရခြင်းတို့ကို ရှင်းလင်းပြောကြားပြီး၊ ကလေးငယ်များကာယ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စွမ်းရည်ပြိုင်ပွဲများကို ပြုလုပ်ခဲ့သည်။

ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများအား မြို့နယ်ဦးစီးအရာရှိမှ ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

၀င်းမောင်(ကျိုက်ထို)