ရန်ကုန် ဒီဇင်ဘာ ၁၉
ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community center) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် (Women Club) တို့ပူးကာ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ရန်ကုန်တောင်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လှပိုမိုက စာပေချစ်မြတ်နိုးသူများနှင့် စာပေဝါသနာရှင်များ အတွက် စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်လင်းပြောကြားပြီး စာပေ ချစ်မြတ်နိုး သူများအသင်း (Book Club)နှင့် (Women Club)အဖွဲ့တို့က ပူးပေါင်းကာ စာရေးဆရာ ထွဋ်ဝင်းထွဋ်၏ မဟာကရုဏာရှင် မာသာထရီဆာ စာအုပ်ပါ မာသာထရီဆာ ဆိုတာ ဘယ်သူလဲဆိုတဲ့ ခေါင်းစဉ်ကို ဆွေးနွေးရာ မာသာထရီဆာသည် စိန့်မေရီကျောင်းက ကျောင်းအုပ် ဆရာမကြီးဖြစ်ပါကြောင်း၊ သူမဟာ ဆင်းရဲသားများကို ကူညီသူတစ်ဦးဖြစ်ပြီး သူမဟာ နှစ်ပေါင်း ၅၀ နီးပါး ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးဒေသတစ်ချို့မှာရှိတဲ့ ပြည်သူများနှင့်အတူ နေထိုင်ခဲ့ပြီး အခက်အခဲရှိသူများကို ကူညီပေးခဲ့ပါကြောင်း၊ မေတ္တာတရားနဲ့ အစားအသောက်များအား ပေးကမ်းလှူဒါန်းခြင်းနှင့် သာသနာပြုအဖွဲ့ကို စတင်ဖွဲ့စည်းကာ အများအကြိုးကို သယ်ပိုးသူဖြစ်ပါကြောင်း လူတိုင်းလူတိုင်း မာသာထရီဆာလို ကိုယ်ချင်းစာတရား ထားမည်ဆိုပါက ကမ္ဘာလောကကြီး အေးချမ်းသာယာ ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာပေချစ်မြတ်နိူးသူများအသင်း (Book Clab) နှင့် စာပေဝါသနာရှင် (Women Calb) အဖွဲ့တို့က ဖတ်ရှူဆွေးနွေးမှုများအပေါ် အပြန်အလှန် မေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက်ကြပြီး စာပေအသိမှရရှိသော ဗဟုသုတများအား ပြန်လည်မျှကြရေး ဆွေးနွေး ခဲ့ကြကာ ရန်ကုန်တောင်ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင် ဦးစီးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)