ဘီးလင်း ဒီဇင်ဘာ ၁၉
သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ် ဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများအား ယနေ့ နံနက်ပိုင်းမှစတင်၍ ပြသထားရှိရာ ပြည်သူများလာရောက် ကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ဦးတည်ချက်(၉)ရပ်နှင့် ရှေးလုပ်ငန်းစဉ်(၅)ရပ် ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မှတ်တမ်းဓါတ်ပုံများပါဝင်သော ဗီနိုင်းပိုစတာကို အများပြည်သူများ အလွယ်တကူ လေ့လာသိရှိနိုင်စေရန်အတွက် ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ထားခြင်းဖြစ်ကြောင်း မြို့နယ် ဦးစီးမှူးထံမှ သိရသည်။
ထူးနောင် ဘီးလင်း