သတင်းများ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မသန်စွမ်းနဲ့ ပတ်သက်သော အသိပညာပေး Talk Show အစီအစဉ်ပြုလုပ်၍အသိပညာ​ပေး
Dec 16,2021
မသန်စွမ်းနှင့်ပတ်သက်သောအသိပညာပေး Talk Show အစီအစဉ် ပြုလုပ်၍ အသိပညာ​ပေး​ဆွေ​နွေးခြင်းကို ဒီဇင်ဘာလ(၁၆)ရက်​​နေ့၊ နံနက်ပိုင်းက ရန်ကုန်​​မြောက်ပိုင်းခရိုင်၊ အင်းစိန် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်အတွင်းရှိ မြို့နယ်များသို့ နိုင်ငံသားစိစစ်ရေး ကတ် (၄၀၉၁) ကတ် ပြည်သူများအားပေးအပ်
Dec 16,2021
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် တာဝန်ရှိသူများတို့သည် ယနေ့ နံနက် (၈) နာရီက လားရှိုးမြို့၊ ဂျမိုင်ရွာဟောင်း ရေထွက်အား သွားရောက်ကြည့်ရှုရာ လားရှိုးမြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်ဇင်မှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့်များ ဖြည့်စွက်မှာကြားခဲ့သည်။
ချောင်းဆုံ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး လိုက်လံနှိုးဆော်မှုများ ဆောင်ရွက်
Dec 16,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးရောဂါ ဖြစ်ပွားမှုနှုန်း အမှန်တကယ်လျော့နည်း ကျဆင်းသွားရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ချောင်းဆုံမြို့ တိုးချဲ့ရပ်ကွက်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာ ပေးခြင်းကို ပြန်/ဆက်ဌာနမှ ဝန်ထမ်းများ လိုက်လံ နှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကွင်းဆင်းထိုးနှံပေး
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် တားဆီး ကာကွယ်နိုင်ရေး အတွက် ရည်ရွယ်၍ ဦးစားပေး အစီအစဉ်အလိုက် သတ်မှတ်ထားသော ဦးတည်အုပ်စုများ၊ အသက်၁၈ နှစ်အထက် ဒေသခံပြည်သူများ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ဆေးထိုးနှံရန် ကျန်ရှိနေသာ ပြည်သူများအား မိုဘိုင်းလှည့်၍ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Dec 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အ-ထ-က(ချောင်းသာ)၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့်အိမ်ထောင်စုလူဦးရေစာရင်းများ တွံ​တေးဝ ကျေးရွာ၌ကွင်းဆင်း ဆောင်ရွက်ပေး
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများကို ယမန်နေ့ နံနက်၉နာရီအချိန်က တွံတေးဝကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ငဖဲမြို့နယ်ရုံး Community Centre ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အားကစားလှုပ်ရှားမှုနှင့် ပုံပြင်ပြော၊ ကဗျာရွတ်ဆိုခြင်းများ ဆောင်ရွက်
Dec 16,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းနေအရွယ် ကလေးများ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် ကာယ၊ ဉာဏ စွမ်းရည်ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁ နာရီခွဲ အချိန်က အခြေခံပညာမူလတန်းဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အားကစား လှုပ်ရှားမှုနှင့် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်းများကို ကျင်းပဆောင်ရွက်ခဲ့သည်။
အမာမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍အသိပညာပေးနံရံကပ်စာစောင်များ ပြသ
Dec 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စ၍ ခင်းကျင်းပြသထားကြောင်း သိရသည်။