သတင်းများ

တောင်တွင်းကြီးမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ကျင်းပ
Dec 16,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်၌ အသက်၄၀နှစ်နှင့်အထက် မိဘပြည်သူများနှင့် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 16,2021
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်း မြို့နယ်အတွင်းရှိ​ ပေါ်​တော်မူဘုရားဝင်းနှင့် အမျိုးသားပြန်လည်သန်စွမ်း​ရေး​ဆေးရုံတို့၌ ယနေ့နံနက် ၉:၃၀နာရီ အချိန်မှ စတင်ကာ အသက်၄၀နှစ်နှင့်အထက် မိဘပြည်သူများနှင့် ဦးတည်အုပ်စုမျာအား ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေး ဆက်လက်ထိုးနှံ​ပေးလျက်ရှိသည်။
အိမ်မဲမြို့နယ် Community Centre ခန်းမတွင် “လူကုန်ကူးမှုနှင့်အန္တရာယ်ရှိသော ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် "လူကုန်ကူးမှုနှင့် အန္တရာယ်ရှိသောရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို Women Club အဖွဲ့ဝင်များဖြင့် ယနေ့မွန်းလွဲ (၁)နာရီအချိန်က ​ပြုလုပ် ခဲ့ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ (၁/၂၀၂၁) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 16,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှုကော်မတီ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
တွံ​တေး၌အိုမီခရွန်(Omicron)အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်းရောဂါပိုး ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်​ရေး အသိပညာ​ပေး နှိုးဆော်ခြင်း​ဆောင်ရွက်
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် အိုမီခရွန်(Omicron)အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်းရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဝန်ထမ်းများနှင့်မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်​ ၉ နာရီအချိန်က ကျွန်းတောရပ်ကွက်၊ ကံသာယာမိုးညှင်းတို့၌ အသိပညာပေး နှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တွင် ဆောင်ရွက်ချက် မှတ်တမ်း ဓါတ်ပုံများ မြေစိုက်နံရံကပ်ပြဘုတ်တွင်ပြသ
Dec 16,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ရှေ့မြေစိုက် နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်အသစ် လဲလှယ်ပြသ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်မှတ်တမ်းဓါတ်ပုံများကို ပြသဆောင်ရွက်ထား ခဲ့သည်။
ချောင်းဦးမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinovac) ဆက်လက်ထိုးနှံပေး
Dec 16,2021
ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြစို့ဆောင်ပုဒ်ပါ အစီအစဉ်အတိုင်း ချောင်းဦးမြို့နယ် အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၉ နာရီ အချိန်မှစတင်ပြီး ချောင်းဦးမြို့ အနော်ရထာခန်းမ ဆေးထိုးစုရပ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။