ချောင်းဆုံ ဒီဇင်ဘာ ၁၆
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးရောဂါ ဖြစ်ပွားမှုနှုန်း အမှန်တကယ်လျော့နည်း ကျဆင်းသွားရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ချောင်းဆုံမြို့ တိုးချဲ့ရပ်ကွက်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာ ပေးခြင်းကို ပြန်/ဆက်ဌာနမှ ဝန်ထမ်းများ လိုက်လံ နှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့လိုက်လံနှိုးဆော် အသိပညာပေးရာတွင် ကိုဗစ်-၁၉ရောဂါကို ဆက်လက် ထိန်းချုပ်နိုင်ရန် ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် သာနေထိုင်ကြရန်၊ အရေးကြီး ကိစ္စကြောင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ နှာခေါင်းစည်း မတပ်သူများနှင့်တွေ့ဆုံ၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကျဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကျဉ်ရန်၊ အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောရန်နှင့် မိမိတို့၌ ရောဂါ ကူးစက်ခံသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနနှင့် အမြန်ဆုံး ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်စသည့် ရှောင်ရန်/ဆောင်ရန်အချက်များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ကိုလည်း စုရပ်အလိုက် သွားရောက် ထိုးနှံပေးကြပါရန် စသည့် အချက်များအား လိုက်လံ နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)