တွံတေး ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများကို ယမန်နေ့ နံနက်၉နာရီအချိန်က တွံတေးဝကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ၂၀၂၁ ခုနှစ်မေ(၃)ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ တွံတေးမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ(၇၃)အုပ်စုတွင် အသက်(၁၆)နှစ်မှ(၁၈)နှစ်ကြားပြည်သူများနှင့် အသက်(၁၈)နှစ်အထက်ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရမည့် လူဦးရေ စုစုပေါင်း(၂၁၈၄၇)ဦးအနက် ယမန်နေ့ထိ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပြီးစီးသူ (၈၇၃၅)ဦးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ကျေးရွာ အုပ်စု(၅၅)အုပ်စုအား ကွင်းဆင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိနေသောကျေးရွာအုပ်စု(၁၈) အုပ်စုကိုလည်းဆက်လက် ဆောင်းရွက်ပေးလျက်ရှိကြောင်း သိရသည်။
တွံတေးသား