အမာမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍အသိပညာပေးနံရံကပ်စာစောင်များ ပြသ

အမာ    ဒီဇင်ဘာ  

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စ၍ ခင်းကျင်းပြသထားကြောင်း သိရသည်။

အဆိုပါနံရံကပ်စာစောင်များတွင် မူးယစ်အန္တရာယ်လူ့ရန်စွယ် ကာကွယ်တိုက်ဖျက်လက်ချင်းယှက် ဆောင်ရွက်နေပုံများ ဘိန်းပင်များစိုက်ပျိုးထားပုံ ဘိန်းသီးမှဘိန်းဆီထွက်လာပုံများ ဘိန်းစိုက်ပျိုး၍ ချောင်းရေများခန်း​ခြောက်နေပုံ စသည့်မှတ်တမ်းပုံများ ဆေးလိပ်သောက်ခြင်း သူတစ်ပါး၏ ဆေးလိပ်ငွေ့ ရှူခြင်းတို့ကြောင့် ရောဂါမျိုးစုံဖြစ်ပွါပြီးအသက်သေသည်အထိဖြစ်လာပုံ စိတ်ကြွရူးသွပ်ဆေး နှင့်ပတ်သက်သည့် အကြောင်းအရာများ မူးယစ်ဆေးသုံးစွဲပါက ဖြစ်လာတတ်သည့်ရောဂါ လက္ခဏါများ ကွမ်းစားခြင်းအန္တရာယ်များ အသိပေးနှိုးဆော်ချက် စသည်တို့ကို အများပြည်သူ လေ့လာသိရှိနိုင်ရေး  အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများမှ လာရောက်လေ့လာ ကြည့်ရှုကြကြောင်း သိရှိရသည်။