သတင်းများ

တာချီလိတ်မြို့၌ လေယာဉ်ကွင်းလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်
Dec 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ရပ်နားခဲ့သည့် လေယာဉ်ခရီးစဉ်များအား ဒီဇင်ဘာလ ၁၃ ရက်နေ့မှစ၍ နေ့စဉ်ပြန်လည် ပြေးဆွဲခွင့်ပြုခဲ့ရာ ခရီးသွားပြည်သူများ စိတ်အေးချမ်းမြေ့စွာ သွားလာနိုင်ရေးနှင့် သန့်ရှင်း သာယာလှပစေရေးအတွက် လေဆိပ်သွားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးကို ယနေ့ နံနက်ပိုင်းက စည်ပင်သာယာရေးဌာနဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွမ်းလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က မူရင်းစာရေးသူ Kim Tae Heung မှ ရေးသားပြီး ခင်စုစုစံမှ မြန်မာဘာသာပြန်ဆိုထားသည့် လူငယ် တွေဘာလို့ နောက်ရွှေ့ချင်နေရတာလဲစာအုပ်ဖြင့် စာအုပ်စာပေချစ်မြတ်နိုးသူများမှ စာဖတ်ဝိုင်းပြု လုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Dec 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သယ်ယူ ပို့ဆောင်ရေးနှင့် သွားလာမှုအဆင်ပြေစေရန်အတွက် မြို့ပေါ်ရပ်ကွက်များတွင် ကွန်ကရစ်လမ်း ခင်းခြင်းနှင့် လမ်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့ နေ့လည်ပိုင်း တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့တွင် လျှပ်စစ်ဓာတ်အား ချွေတာရေး အသိပညာပေး နံရံကပ်စာစောင်များပြသ
Dec 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့မြေစိုက်ဘုတ်၌ လျှပ်စစ်ဓာတ်အားချွေတာရေးအသိပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ယနေ့  နံနက် ၁၀နာရီအချိန်ကပြသဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ဌာနဆိုင်ရာရုံးများ၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုညဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြား တတ်စေရန်နှင့် စာဖတ်သည့် အလေ့အထများ ရရှိစေရန် ရည်ရွယ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာများသို့ စာအုပ်စာစောင်များအား နယ်လှည့်ကွင်းဆင်း ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။
မင်းလှမြို့နယ်၌ သောက်သုံးရေဖူလုံမှု ရရှိစေရန်အတွက် မြင်ကျတောင်မှ ပင်မရေစုကန်သို့ ရေပိုက်လိုင်း သွယ်တန်းမည့် နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 16,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ ၆ လတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေရန်ပုံငွေစာရင်း (GRF)မှ မင်းလှမြို့နယ်တွင် သောက်သုံးရေ ဖူလုံမှုရရှိစေရန် မြင်ကျ‌‌တောင်‌ရေပေးရေး စီမံကိန်းအား ခွင့်ပြုချထား ပေးလျက်ရှိရာ ရေပိုက်လိုင်း သွယ်တန်းခြင်း ဆောင်ရွက်မည့် နေရာအား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာ‌ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ညနေ ၄ နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်( ၅)ရပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ် နံရံကပ်စာစောင် ပြသ
Dec 16,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်များ နံရံကပ်စာစောင်များ ပြသထားရာ မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာပေ ငှားရမ်းဖတ်ရှုသူ ပြည်သူများက ကြည့်ရှုကြကြောင်း သိရသည်။