သတင်းများ

တိုက်ပွဲရှောင်စခန်း (IDP Camp) တွင် နေထိုင်လျက်ရှိသော အင်ဂျန်းယန်မြို့နယ်ဒေသမှ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး
Dec 16,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် နယ်မြေဒေသ အခြေအနေအရ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စု၊ ပိတောက်မြိုင်ကျေးရွာ၊ စိန့်ဂျိုးဇက် အသင်းတော် (IDP Camp)တွင် နေထိုင်လျက်ရှိသော အင်ဂျန်းယန်မြို့နယ်ဒေသမှ ပြည်သူ များအား ယနေ့နံနက် ၁၀ နာရီက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
တောင်ကုတ်မြို့၌ (၄၇)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပ
Dec 16,2021
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို တောင်ကုတ်မြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမတွင် ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။
ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်
Dec 16,2021
ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးများအား အတွေးအခေါ်များ မြင့်မားလာစေရေး၊ ယှဉ်ပြိုင်လိုစိတ်များ ရှိလာစေရေးနှင့် ဌာနတွင် စာကြည့်တိုက်ဖွင့်လှစ်ထားရှိမှုအား သိရှိပြီး စာအုပ်စာပေများအား ဖတ်ရှု့လေ့လာခြင်း အလေ့အထများ ရှိလာစေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို အဆိုပါဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လယ် ၁နာရီအချိန်က ပြုလုပ်ကြောင်း သိရသည်။
ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်
Dec 16,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြို့နယ်(ပြန်/ဆက်)ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ် များပူးပေါင်း၍ စာဖတ်သည့်အလေ့အထများ ဖြစ်ပေါ်လာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး “စာဖတ်ဝိုင်း”ကို ယမန်နေ့နံနက် (၁၁)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club မှ စာဖတ်ဝိုင်းကျင်းပ
Dec 16,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေး အမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစား ဆုံးဖြတ်တတ်သော အတွေးအခေါ် အမျှော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ် စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်း များကို အစဉ်အမြဲ ကျင်းပ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Dec 16,2021
ရှမ်းပြည်နယ်( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့တွင် ကွင်းဆင်း ဆောင်ရွက်ရန်အတွက် နောက်ဆုံးကျန်ရှိနေသော ဟိုလွိုင်ကျေးရွာအုပ်စု ၊ မြဲလွန်ကျေးရွာသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မင်းပြားမြို့၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပ
Dec 16,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်သည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မင်းပြားမြို့ ရာမောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်ကုန်းကျေးရွာနှင့် လက်ပံတစ်ပင်ကျေးရွာများမှ အိမ်ထောင်စုပေါင်း (၈၀၀)ကျော်အတွက် သောက်သုံးရေဂါလံ ၉၆၀၀ သွားရောက်လှူဒါန်း
Dec 16,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ပေါက်ကုန်းကျေးရွာနှင့် လက်ပံ တစ်ပင်ကျေးရွာများမှ အိမ်ထောင်စုများ သောက်သုံးရေအခက်အခဲ မဖြစ်ပေါ်စေရန်အတွက် မင်းဘူး ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သောက်သုံးရေဂါလံ ၉၆၀၀ ကို ဝယ်ယူပြီး ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။