တာချီလိတ်မြို့၌ လေယာဉ်ကွင်းလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်

တာချီလိတ်    ဒီဇင်ဘာ     ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ရပ်နားခဲ့သည့် လေယာဉ်ခရီးစဉ်များအား ဒီဇင်ဘာလ ၁၃ ရက်နေ့မှစ၍ နေ့စဉ်ပြန်လည် ပြေးဆွဲခွင့်ပြုခဲ့ရာ ခရီးသွားပြည်သူများ စိတ်အေးချမ်းမြေ့စွာ သွားလာနိုင်ရေးနှင့် သန့်ရှင်း သာယာလှပစေရေးအတွက် လေဆိပ်သွားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးကို ယနေ့ နံနက်ပိုင်းက စည်ပင်သာယာရေးဌာနဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့သည် ထိုင်းနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသဖြင့် နိုင်ငံနှင့်မြို့၏ ပုံရိပ်မကျဆင်းစေရေး၊ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမြဲတမ်းဝန်ထမ်း (၄၀)ကျော်နှင့် နေ့စားဝန်ထမ်း(၄၀)ကျော်ဖြင့် အမှိုက်ကင်းစင်သည့်မြို့အဖြစ် နေ့စဉ်ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယာဆေး ( ပြန်/ဆက်)