ကွမ်းလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကွမ်းလုံ ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က မူရင်းစာရေးသူ Kim Tae Heung မှ ရေးသားပြီး ခင်စုစုစံမှ မြန်မာဘာသာပြန်ဆိုထားသည့် လူငယ် တွေဘာလို့ နောက်ရွှေ့ချင်နေရတာလဲစာအုပ်ဖြင့် စာအုပ်စာပေချစ်မြတ်နိုးသူများမှ စာဖတ်ဝိုင်းပြု လုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းနိုင်လင်းက စာဖတ်ဝိုင်းများပြုလုပ်ခြင်းဖြင့် လူငယ်များစာဖတ်သည့် အလေ့အထဖြစ်ပေါ်စေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ တိုးပွားလာစေရန်နှင့် စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် လူငယ် များ တွေးခေါ်စဉ်းစားမှုအပိုင်းတွင် အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာသည့် စာအုပ်စာပေချစ်မြတ်နိုးသူများမှ လူငယ်တွေ ဘာလို့ နောက်ရွှေ့ချင်နေရတာလဲ စာအုပ်တွင် ပါဝင်သော မိမိတို့ဖတ်ရှုထားသည့် အကြောင်းအရာများကို အနှစ်ချုပ်ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)