ရိခေါ်ဒါရ်မြို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ကလေးတွေကို တံဆိပ်မကပ်ပါနဲ့ စာအုပ်ပါအကြောင်းအရာများဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရိခေါ်ဒါရ် ဒီဇင်ဘာ ၁၆

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီတွင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးလာလ်ပက်လောမ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးနှင့် အကျိုး သက်ရောက်မှုများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းမှ အဖွဲ့ဝင်များက စာဖတ်ဝိုင်းပြုလုပ်ခြင်းအားဖြင့် ကိုယ်တွေ့အကျိုးကျေးဇူးများကို အသီး သီးဆွေးနွေးကြသည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်များက စာရေးသူ ခေတ်ဘုန်းသစ်၏ “ကလေးတွေကို တံဆိပ်မကပ်ပါနဲ့”စာအုပ်ပါ “ကလေးများစိတ်ထားနဲ့ ဉာဏ်ရည်မြင့်စေချင်လျှင်”၊ “တီဗီ၊ ကွန်ပျူတာက ကလေးထိန်းစက်မဟုတ်”၊ “အကြောက်တရားများနဲ့ ကလေးများ”၊ “ကလေးစာပေနှင့် ကလေးအတွေး” စသည့်အကြောင်းအရာများကို အသီးသီးဆွေးနွေးဖလှယ်ခဲ့ကြောင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်းပြီး စာဖတ်ဝိုင်းကို တစ်လလျှင် အနည်းဆုံး တစ်ကြိမ် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

သောမတ်