ညောင်တုန်း ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့မြေစိုက်ဘုတ်၌ လျှပ်စစ်ဓာတ်အားချွေတာရေးအသိပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ယနေ့ နံနက် ၁၀နာရီအချိန်ကပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင်လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများ အနေဖြင့် လျှပ်စစ်ဓာတ်အားချွေတာ သုံးစွဲနိုင်မည့်နည်းလမ်းများ၊ လျှပ်စစ်မီးသုံးစွဲရာတွင် လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ လျှပ်စစ်အန္တရာယ်သတိပြုရမည့်အချက်များ စသည့် အကြောင်းအရာများပါဝင်သော နံရံကပ်ပြဘုတ်အား ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး ပြသဆောင်ရွက်ထား ကြောင်းသိရသည်။
ထိုသို့ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ် အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)