ဒေးဒရဲမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သယ်ယူ ပို့ဆောင်ရေးနှင့် သွားလာမှုအဆင်ပြေစေရန်အတွက် မြို့ပေါ်ရပ်ကွက်များတွင် ကွန်ကရစ်လမ်း ခင်းခြင်းနှင့် လမ်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့ နေ့လည်ပိုင်း တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးအောင်မြင့်ဦး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့က အမှတ်()ရပ်ကွက်၊ ဘုရားကြီးကွက်သစ်(ဘီ)လမ်းရှိ အရှည်(၅၃၅)ပေ၊ အကျယ်(၁၀)ပေ၊ ထု()လက်မရှိ ကွန်ကရစ်လမ်း ခင်းနေမှုနှင့် လမ်းကူးတံတား()ခု တည်ဆောက်နေမှုအား  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းကို (၂၀၂၁-၂၀၂၂)ဘဏ္ဍာရေးနှစ်တွင် အောင်ပိုင်နေလင်းကုမ္ပဏီက တင်ဒါ အောင်မြင်ခဲ့ပြီး တာဝန်ယူ ဆောက်လုပ်လျက်ရှိကြောင်းသိရသည်။

အေဇာလင်း