ဝက်လက်မြို့၌ မိုးစပါး စုပေါင်း စံကွက် ရိတ်သိမ်းပွဲဆောင်ရွက်
Dec 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မုဆိုခြုံကျေးရွာ ကွင်းအမှတ်(၃၃၀၃) ဦးပိုင်အမှတ်(၂၈)ရှိ တောင်သူ ဦးမိုးမြင့်ထွန်း ၏ မိုးစပါးတင်း(၁၀၀)ထွက်ရှိရေးစံပြ မိုးစပါး စိုက်ခင်း(၅)ဧကတွင် ယနေ့ နံနက် ၉ နာရီ အချိန်က ထွက်နှုန်း မှတ်တမ်း သိရှိနိုင်ရန်အတွက် (၆.၆)ပေ ပတ်လည်ံကွက် (၃)ကွက်နှင့် (၀.၁၀) ဧကရှိ စံကွက် (၁)ကွက်၊ စုစုပေါင်း စံကွက်( ၄ ) ကွက် ရိတ်သိမ်းခြင်း ဆောင်ရွက်သည်။