လှိုင် ဒီဇင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ ယောဂီကျောင်း လမ်း၊ သိပ္ပံပစ္စည်းစက်ရုံဝန်းရှိ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ဒေသခံပြည်သူများသို့ ဦးစားပေး ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ အကြိမ်နှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေး ထိုးနှံပြီးစီး ကြောင်း သက်သေခံလက်မှတ်များကိုလည်း ထုတ်ပေးကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ သက်ဆိုင်ရာမြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာန၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရာ၌ အဆင် ပြေချောမွေ့စေရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့တွင် အဆိုပါ ဆေးထိုးစုရပ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပြီးစီးသူ (၃၆၆)ဦးနှင့် (ဒုတိယအကြိမ်) ထိုးနှံပြီးစီးသူ (၄၁၀)ဦးရှိကြောင်း သိရှိရသည်။
သီတာ(ပြန်/ဆက်)