တာချီလိတ် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝမ်လုံး Quarantine Centre တွင်ရောက်ရှိနေသော လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာအလုပ်သမားများ ကိုဗစ်-၁၉ ရောဂါကင်းစင်သဖြင့် ယနေ့ နံနက် ၁၁ နာရီခွဲက ၄င်းတို့နေထိုင်ရာ ဒေသအသီးသီးသို့ မော်တော်ယာဉ်ဖြင့် တာဝန်ရှိသူများက ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လာအိုနိုင်ငံမှလွှဲပြောင်းရောက်ရှိလာသူ အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ကိုးဦး စုစုပေါင်း(၁၇) ဦးအား ဒီဇင်ဘာလ (၁၁)နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး ဝန်ထမ်းများက RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူမရှိသဖြင့် ဝမ်လုံး Quarantine Centre တွင်ထားရှိကာ သုံးရက်မြောက်သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့ တွင် နှာခေါင်းနှင့်အာခေါင် တို့ဖတ် ထပ်မံရယူစစ်ဆေးရာ ရောဂါပိုးကင်းစင်ကြသဖြင့် ၎င်းတို့ ၏နေရပ်ဒေသအသီးသီးသို့ ခရိုင် နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင် ပေးခြင်းဖြစ် သည်။
၎င်းနေရပ်ပြန်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့်တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှု၍ လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး မေတ္တာရှင် လူမှုကူညီရေး အဖွဲ့က ထမင်းထုပ်များကိုဝေငှပေးခဲ့ကြောင်း သိရသည်။
ယာဆေး ( ပြန်/ဆက်)