ဟိုပန် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌသည် အဖွဲ့ဝင်များ လိုက်ပါ၍ ဟိုပန်မြို့ရှိ စားသောက်ဆိုင်များသို့ သွားရောက်၍ ယမန်နေ့က ယစ်မျိုး လိုင်စင်စီများနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟိုပန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဉီးကျော်စိုးတင့် ဦးဆောင်၍ ခရိုင်/မြို့နယ် ယစ်မျိုး ကြီးကြပ်ရေး အဖွဲ့ဝင်များဖြစ်သည့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူးရဲမှူး မိုးကျော်ဟန်၊ ခရိုင်လဝကဦးစီးမှူး၊ ခရိုင်မြေစာရင်းဦးစီးမှူး၊မြို့နယ်စည်ပင်သာယာရေးဌာနနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဟိုပန်မြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ(၆)လအထိ ခွင့်ပြုချထားပေးသည့် ယစ်မျိုးလိုင်စင်စီများရောင်းဝယ်ရာတွင် ယစ်မျိုး ဥပဒေ၊နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး၊ တရားမဝင် ယစ်မျိုးဆိုင်များ မရှိစေရေးအတွက် စားသောက်ဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက စားသောက်ဆိုင်များအား ယစ်မျိုးလိုင်စင်စီများ၊ စည်းကမ်းချက်များနှင့်အညီ ရောင်းချကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရ သည်။
ဇင်ဇင်(ပြန်/ဆက်)