ပင်လောင်း ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မင်းလမ်းဘေးရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေး စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများ ပြသလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများအား ပြသဆောင်ရွက် ထားခဲ့သည်။
ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ အလွယ်တကူ ဖတ်ရှုလေ့လာပြီး သိရှိဖို့လိုအပ်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အကောင်အထည် ဖော်ဆောင်မည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် မှတ်တမ်းဓာတ်ပုံများ နှင့် ချမှတ်ထားသည့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံ ဗီနိုင်းပိုစတာများကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ခွန်အာကာစိုး (ပင်လောင်း)