သတင်းများ

မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေ
Dec 12,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ရည်မှန်းအုပ်စု များကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covid Shield, Sinopharm ၊ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ဟူ၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ ကာကွယ်ဆေး ထိုးနှံပေးရန် ရည်မှန်း လူဦးရေ၏ ၇၅.၇၄%ကို ထိုးနှံပြီး စီးပြီ ဖြစ်ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်အရိုးဆေးရုံကြီး ကုတင် (၅၀၀) တွင် "လူမှုဘဝ ပြည့်စုံဖို့နိုင်ငံသား ကတ်ကိုင်ကြစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲကျင်းပ
Dec 12,2021
၂၀၂၁ခုနှစ်၊ မွန်ပြည်နယ် မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၆)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ် အားကစားခန်းမတွင် ကျင်းပခဲ့သည်။
လမ်းမတော်မြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေး Talk Show အစီအစဉ်ကျင်းပ
Dec 12,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို Talk Show အစီ အစဉ်ကို လမ်းမတော်မြို့နယ် ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းလုံ၌ ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ရင်တွင်းစကားသံ
Dec 12,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံကို ယခုလို ကြားသိ ခဲ့ရပါသည်။
စေတုတ္တရာမြို့တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြု ကာကွယ်ကြရန် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 12,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှု မရှိစေရေး၊ ရောဂါပိုးရပ်တန့်သွားနိုင်ရေးနှင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ အပါအဝင် ကြိုတင်ကာကွယ်ဆောင်ရွက် ထားရှိနိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများ ကို ယနေ့နံနက်ပိုင်းက မြေနီကုန်းကျေးရွာအတွင်း အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြသည်။
ရန်ကင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်
Dec 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ဒေသခံပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ် ကျင်းပခဲ့သည်။
ဒေးဒရဲမြို့နယ် ကျုံဒါးချောင်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ် အရောက်ပေးအပ်
Dec 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျုံဒါးချောင်းကျေးရွာ အုပ်စုတွင် ပန်းခင်းစီမံချက် အကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ်က ကျင်းပခဲ့ကြောင်း သိရသည်။